MNP ၊ ဩဂုတ် ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်(၁၈)ရက်နံနက်(၁၀)နာရီက ကျိုက်ထိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုးမှ ရေဘေး၊လေပြင်းမုန်တိုင်းဘေး၊မြေပြိုဘေး၊မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်များ မကျရောက်မီ ကြိုတင်ကာကွယ် ရေး ဆောင်ရွက်ထားမှုများ၊ကြိုတင်ပြင်ဆင်ထားမှုများ၊ဘေးအန္တရာယ်ကျရောက်လာပါက ဘေးလွတ်ရာ၊ခိုလုံရာနေရာများသို့ပြောင်းရွှေ့နိုင်ရေး စီစဉ်ထားမှုများ၊ထိခိုက်ပျက်စီးဆုံးရှုံးမှုများလျော့ပါးရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊အရေးပေါ်တုံ့ပြန်နိုင်ရေးဆောင်ရွက်ထားမှုများ၊ပြန်လည်တည်ဆောက်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ထားမှုအခြေအနေများကိုဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်ကြသောကော်မတီဝင် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ ဆပ်ကော်မတီများအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊အရပ်ဖက်လူမှုအဖွဲ့အစည်းများတက်ရောက်ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment