MNP ၊ သြဂုတ် ၁၈
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း ၍ယနေ့နံနက်( ၁၁)နာရီအချိန်က မြို့မစည်ပင်သာယာဈေး၌ ဈေးရောင်း/ ဈေးဝယ်လာသူများအားမုန်တိုင်းအန္တရာယ်အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးငြိမ်းထွန်းနှင့်မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းဝင်းနိုင်တို့ကဘူးသီးတောင်မြို့နယ်မှမြို့မစည်ပင်သာယာဈေးသို့ ဈေးရောင်း/ ဈေးဝယ်လာသူများအားဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းအနီးတွင် လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေခြင်းနှင့်ပတ်သတ်၍မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းလျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်တို့ကိုအသိပညာပေးဟောပြောခဲပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းဘေးပညာပေးလက်ကမ်းစာစောင်နှင့် ရေဘေးပညာပေးလက်ကမ်းစာစောင်( ၂၅၀)ခန့်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment