ထားဝယ်မြို့တွင် သတ္တုလုပ်ငန်းများအတွက် အခွန်ကိစ္စရပ်များ ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင် သတ္တုလုပ်ငန်းများအတွက် အခွန်ကိစ္စရပ်များ ဆွေးနွေးပွဲကျင်းပ





MNP - ဩဂုတ်   ၆


သတ္တုလုပ်ငန်းများအတွက် အခွန်ကိစ္စရပ်များ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာရှိသော တွင်းထွက်သယံဇာတများသည့် သတ္တုအမျိုးမျိုး တူးဖော်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ သယ်ယူဖြန့်ဖြူးခြင်းနှင့် ပြင်ပတင်ပို့ခြင်းကိစ္စရပ်များကို နိုင်ငံတော်သို့ပေးဆောင်ရန် တာဝန်ရှိသည့် ကုန်သွယ်လုပ်ငန်းအခွန်၊ ဝင်ငွေအခွန် လိုက်နာရမည့် တာဝန်များကို ရှင်းလင်းဆွေးနွေးသော အစည်းအဝေးဖြစ်ကြောင်း၊ သတ္တုတူးဖော်လုပ်ကိုင်ရောင်းဝယ်သည့် လုပ်ငန်းများအနေဖြင့် လုပ်ပိုင်ခွင့်စိစစ်ချထားရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သတ္တုလုပ်ကိုင်သူများအနေဖြင့် သတ္တုအခွန်နှင့် ဝင်ငွေအခွန်အပါအဝင်၌ ဥပဒေအရအကျုံးဝင်သည့် အခွန်အခများကို ပေးဆောင်ရမှာဖြစ်ကြောင်း၊ အခွန်အခများပေးဆောင်ခြင်း ရှိ/မရှိအား သတ္တုများ သယ်ဆောင်ရာ လမ်းကြောင်းတွင် စစ်ဆေးရေးဂိတ်များ၌ စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ဆိုင်ရာကိစ္စရပ်များအား အကျယ်တတင့် ရှင်းလင်းဆွေးနွေးပြောကြားကာ တက်ရောက်လာသည့် သတ္တုလုပ်ငန်းရှင်များက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)