မွန်ပြည်နယ်ဝန်ကြီးချုပ် ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားနှင့် မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားနှင့် မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) တက်ရောက်



MNP - ဩဂုတ်   ၃၀ 


မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များ၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် စိတ်ဓါတ်ရေးရာ မြင့်မားစေရေးအတွက် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ၂၀၂၂-ခုနှစ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်သည်၊၊ ရှေးဦးစွာ ပြိုင်ပွဲဝင် အားကစားသမားများက ကွင်းအတွင်းသို့ နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦဇော်လင်းထွန်းက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုတဲ့ ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများကျင်းပခြင်း၊ အားကစားသင်တန်းများဖွင့်လှစ်ပေးခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အားကစားအောင်မြင်မှုဟာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာဖြစ်တဲ့အတွက် အားကစားနဲ့ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်တဲ့ မျိုးဆက်သစ် ကစားသမားလေးတွေ ပေါ်ထွက်လာအောင် ပြုစုပျိုးထောင် မွေးထုတ်ပေးကြရန်လိုကြောင်း၊ ပြေးခုန်ပစ်အားကစားနည်းရဲ့ “ မြန်မြန်ပြေး၊ မြင့်မြင့်ခုန်၊ ဝေးဝေးပစ်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အမြန်ဆုံးပြေးနိုင်ပြီး၊ အမြင့်ဆုံးခုန်နိုင်ရန်နှင့် အဝေးဆုံးပစ်နိုင်ရန်အတွက် နည်းစနစ်မှန်မှန် ပြင်းပြင်းထန်ထန် လေ့ကျင့်ထားရမှာ ဖြစ်သလို တစ်ဦးချင်း ယှဉ်ပြိုင်ရတဲ့ အားကစားနည်း ဖြစ်တဲ့အတွက် မိမိကြိုးစားလျှင် ကြိုးစားသလောက် စံချိန်တွေကောင်းမွန်လာပြီး ပြိုင်ပွဲတွင် အနိုင်ယူနိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ မြန်မာ့အားကစားကို အစွမ်းကုန် အားပေးချီးမြှောက်ပြုလုပ်နေသည့်အတွက် အားကစားသမားများအနေနဲ့ မိမိတို့၏ စွမ်းပကား အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အနိုင်ရရှိရေး အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအားလုံး အထူးအာရုံစိုက်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ပြောကြား ပြီး (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်၊၊


ဆက်လက်ပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားအဓိဌာန်ရွတ်ဆိုခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး အဖွင့်ပွဲစဉ် အမျိုးသား/ အမျိုးသမီး မီတာ (၂၀၀) အပြေးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ဝန်ကြီးချုပ်နှင့်အဖွဲ့များက ကြည့်ရှုအားပေးခဲ့သည်။


ဆက်လက်ပြီး မွန်းလွဲပိုင်း၌ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)ကို  ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန် မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ ပြည်နယ်အတွင်း စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကျေးရွာအလိုက် ရွေးချယ်ဆောင်ရွက်သော မြစိမ်းရောင် စီမံကိန်းပုံစံကို အခြေခံ၍ သင့်လျော်သည့်  စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း အပြင်အသေးစား၊ အလတ်စားကုန်ထုတ် လုပ်ငန်းများကိုလည်း အားပေး ဆောင်ရွက်ကြရမည်ကြောင်း၊ မတည်ထောက်ပံ့ငွေများ သုံးစွဲရာတွင် ခရိုင်အဆင့်၊ မြို့နယ် အဆင့်နှင့် ကျေးရွာအဆင့်တို့တွင် ကော်မတီအသီးသီးအား ဖွဲ့စည်းဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကောင်းမွန်သောစီးပွားရေး အခြေအနေများ ဖန်တီးနိုင်ရန်နှင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက် ပေးကြရန် ပြောကြားသည်။


ထို့နောက် မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကော်မတီဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် အခြားကုန်ထုတ် လုပ်ငန်းများဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့် အစီအစဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက်ရှင်းလင်း တင်ပြ၍ ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)