ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပြီးသူများအား ထပ်ဆောင်း (Booster Does) စတုတ္ထအကြိမ် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပြီးသူများအား ထပ်ဆောင်း (Booster Does) စတုတ္ထအကြိမ် ထိုးနှံပေး



MNP - ဩဂုတ်   ၃၀


ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပြီးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း (Booster Does) စတုတ္ထအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၄)ရပ်ကွက်၊ မြို့လယ်သံဓမ္မာရုံအတွင်း၌ ထိုးနှံပေးခဲ့သည်။


ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ မြို့လယ်သံဓမ္မာရုံအတွင်း ဆေးထိုးနေရာ လေးခုခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ကို တတိယအကြိမ်ထိုးနှံပြီးသော ပြည်သူ(၆၀၀)ဦးအား ထိုးနှံပေးခဲ့ပြီး၊ ကျန်ရှိနေသောပြည်သူများအား နောက်ရက်တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - တင့်ဆွေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)