ကျောက်ဆည်မြို့နယ်၌ မိုးချည်မျှင်ရှည်ဝါ(၃၄၅၀)ဧက လျာထားစိုက်ပျိုးရာ (၂၉၉၂)ဧက စိုက်ပျိုးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်၌ မိုးချည်မျှင်ရှည်ဝါ(၃၄၅၀)ဧက လျာထားစိုက်ပျိုးရာ (၂၉၉၂)ဧက စိုက်ပျိုးပြီးဖြစ်



MNP - ဩဂုတ်   ၂၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ချည်မျှင်ရှည်ဝါများတိုးချဲ့၍ မိုးချည်မျှင်ရှည်ဝါ (၃၄၅၀)ဧက လျာထားစိုက်ပျိုးရာ (၂၉၉၂)ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


မိုးချည်မျှင်ရှည်ဝါများကို အရှေ့ငယ်တိုး-ထန်းဇင်တော်-ငှက္ကတောင်-ရွှေဓား-ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင် (၇၅၇)ဧက၊ ဖျောက်ဆိပ်ပင်-ရွာသစ်-ရေသရောက်-ချောင်းဆုံ-သရက်ပင်-ရဲ-ကြောင်-ဇရစ်ခဲ၊ အုန်းကြော၊ ကြက်သားဟင်း ကျေးရွာအုပ်စုများတွင် (၈၂၂)ဧက၊ ရဲမအူ-စိုင်မလန်း-ကိုးပင်-အင်ရောင်း-ကလိုင်ကျော် ကျေးရွာအုပ်စုမျးတွင် (၅၁၀)ဧက၊ ဆူးလေကုန်း-ပေါက်ပင်ကွေ့-မြေစိုမိုး-ပဲခင်း-ပေါင်လောင်-တောင်တော်-ကင်း ကျေးရွာအုပ်စုများတွင်(၉၀၃)ဧက စုစုပေါင်း(၂၉၉၂)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရသည်။


ကျောက်ဆည်မြို့နယ်တွင် ဝါသီနှံများစိုက်ပျိုးရာ၌ ဒေသနှင့်ကိုက်ညီသည့် ရွှေတောင်(၁၀)၊ ရွှေတောင်(၈)နှင့် ငွေချည်(၆) ချည်မျှင်ရှည်ဝါများ အဓိကစိုက်ပျိုးပြီး သီးနှံများအောင်မြင်ဖြစ် ထွန်းနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်း၍ နည်းပညာများ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရသည်။


သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)