MNP - သြဂုတ် ၂၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဝန်ကြီး၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် သြဂုတ်(၂၁)ရက် မွန်းတည်(၁၂)နာရီခွဲက မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီတော်အားသွားရောက်၍ ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်ပူဇော်ပေးကြပြီး ဘုရားအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပေးကြရာ ဘုရားဂေါပက တာဝန်ရှိသူမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုး၍ စေတီတော်ရှိ ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမြော်ကန်တော့ကာ လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုင်းယောင်းမြို့ရှိ ဟိုခုံဘုန်းကြီးကျောင်းအား သွားရောက်ကာ ဆရာတော်မဟာသဒ္ဒဇောတိက ဘဒ္ဒန္တဂန္ဓရဿဝံသောအား ဖူးမြော်ကန်တော့၍ လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြသည်။
ထို့နောက် သြဂုတ်(၂၂)ရက် နံနက်(၇)နာရီခွဲက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့ရှိ သီလဓမ္မသာ ကုန်းသာတောရကျောင်း ဆရာတောဦးကောဝိဒ(ဝစိပိတ်) ဆရာတော် အသည်းအစားထိုး (၈)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတက်ရောက်ပြီး ဆရာတော်အား ဖူးမြော်ကန်တော့၍ နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကာ ဂျိန်ဖောချောင်း၌ ငါးများလွတ်ခြင်း၊ ပန်ကွဲတောင် ဗုဒ္ဓဥယျာဉ်၌ ဗောဓိညောင်ပင် စိုက်ပျိုးပေးခြင်းနှင့် ဆရာတော်များမှ "စေရန်ဗောဓိ" ရွတ်ဆိုရုပ်သိမ်းလိုက်ပြီး ဆရာတော်သံဃာတော်များက ဝစီပိတ်ဆရာတော်အား အန္တာရယ်ကင်း ပရိတ်တရားတော်ချီးမြှင့်ပေးတော်မှုကြ၍ ပြည်နယ်ဝန်ကြီး၊တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။
သတင်း - မောင်မောင်သန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment