ဘားအံ၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း(၄)မျိုးနှင့် အဟန့်အတားမဲ့ခရီးသွားလုပ်ငန်းဝန်ဆောင်မှု ဆိုင်ရာသင်တန်းများဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံ၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း(၄)မျိုးနှင့် အဟန့်အတားမဲ့ခရီးသွားလုပ်ငန်းဝန်ဆောင်မှု ဆိုင်ရာသင်တန်းများဖွင့်လှစ်



MNP - ဩဂုတ်   ၂၃


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း(ကရင်ဇုန်)တို့ ကြီးမှူး၍ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်း(၄)မျိုးနှင့် အဟန့် အတားမဲ့ခရီးသွား လုပ်ငန်း(Barrier Free Tourism) ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့ Than Lwin Paradise Hotel တွင် ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး ကျန်းမာရေးနှင့်လုံခြုံဘေးကင်းမှုဆိုင်ရာ (HSP)Health and Safety Protocol အစီအစဉ်အရ နိုင်ငံအဆင့်အသိအမှတ်ပြုတံဆိပ်များအား Online မှတဆင့် လျှောက်ထားရရှိခဲ့သော ဘားအံမြို့ရှိ ဟိုတယ်(၃)လုံး အား HSP တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။


အဆိုပါသင်တန်းများကို ဩဂုတ်လ ၂၂ ရက်နေ့မှ စက်တင်ဘာလ ၁၆ ရက်နေ့ထိ ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ ထုတ်လုပ်မှုသင်တန်းနှင့် အဟန့်အတားမဲ့ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုဆိုင်ရာသင်တန်းများတွင် သင်တန်းသား၊ သင်တန်းသူ ၁၀၅ ဦးတက်ရောက်လျက်ရှိကာ ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွား ကဏ္ဍတိုးတက်ရေးနှင့် လိုအပ်သောလူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပေးနိုင်ရေး ဝန်ဆောင် မှုအဆင့်အတန်းများ တိုးတက်ကောင်းမွန်ပြည့်စုံစေရေးနှင့်ဒေသတွင်းလူငယ်/လူရွယ်များအား အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)