MNP - ဩဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ဇွန်လ ၂ ရက်နေ့မှစ၍ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆေးထိုးစုရပ်များအလိုက် ကျန်းမာရေးဌာနဆရာမများက ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinopharm) ကို အကြိမ်ပြည့်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ညောင်ပင်ကွင်းကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်း ဆေးထိုးစုရပ် (၇) ခုတို့တွင် (ပထမ) အကြိမ်နှင့် (ဒုတိယ) အကြိမ်အဖြစ် ကိုဗစ်ရောဂါကာကွယ်ဆေးကို ထိုးနှံပေးကြသည်။
ကာကွယ်ဆေးမထိုးနှံမီ လက်ထောက်ကျန်းမာရေးမှူး ဦးမြတ်သီလက ကိုဗစ်ရောဂါ ကာကွယ်ဆေး၏ ကောင်းကျိုး၊ ဆေးထိုးနှံပေးရခြင်း၏ ရည်ရွယ်ချက်များ၊ ယုံကြည်စိတ်ချစွာဖြင့် အပြည့်အဝထိုးနှံပေးရေးတို့ကို ကျောင်းသားမိဘများထံ အသိပေးဆွေးနွေးပေး၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် သဘောတူကြောင်း လက်မှတ်ရယူ၍ အပူချိန်တိုင်းတာပေးပြီးမှ ဆေးထိုးနှံပေးခြင်းနှင့် ဆေးထိုးပြီးပါကနောက်ဆက်တွဲ ဆိုးကျိုးများ ရှိ/မရှိသိရှိနိုင်ရန် မိနစ (၃၀) အကြာ စောင့်ကြည့်ခြင်းများဖြင့် စနစ်တကျဆောင်ရွက်ပေးကြကြောင်း သိရှိရသည်။
ညောင်ပင်ကွင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးမြတ်သီလက ကြီးကြပ်လျက် အထက-ညောင်ပင်ကွင်း ကျောင်းဆေးထိုးစုရပ်တွင် (ပထမ) အကြိမ်အဖြစ် ကျောင်းသူ/သား(၅၄)ဦးနှင့် (ဒုတိယ)အကြိမ်အဖြစ် (၄၄၉) ဦးကိုလည်းကောင်း၊ အလက-ညောင်ပင်ကွင်း (အနောက်) ကျောင်းတွင် (ပထမ)အကြိမ်အဖြစ် (၁၅)ဦးနှင့် (ဒုတိယ)အကြိမ်အဖြစ် (၂၉၈) ဦးကိုလည်းကောင်း၊ အမက-ကျွဲထိန်းကုန်းကျောင်းတွင် (ပထမ) အကြိမ်အဖြစ် (၅)ဦးနှင့် (ဒုတိယ)အကြိမ်အဖြစ် (၂၉)ဦးကိုလည်းကောင်း၊ အမက-ထုံတော်တွင် (ပထမ)အကြိမ်အဖြစ်(၄၀)ဦးနှင့် (ဒုတိယ)အကြိမ်အဖြစ် (၄၉) ဦးကိုလည်းကောင်း၊ အလားတူ အမက-ထုံမခါကျောင်းတွင် (ပထမ) အကြိမ်အဖြစ် (၄)ဦးနှင့်(ဒုတိယ) အကြိမ်အဖြစ် (၁၁၈) ဦးကိုလည်းကောင်း၊ အမက ပျို့အိုင်ကျောင်းတွင် (ပထမ) အကြိမ်အဖြစ် (၂၉)ဦးနှင့် (ဒုတိယ)အကြိမ်အဖြစ် (၆၆) ဦးကိုလည်းကောင်း၊ မုတ်ဆိတ်ကွင်းရွာ-မူလတန်းလွန် ကျောင်းတွင် (ပထမ) အကြိမ်အဖြစ် (၁၀)ဦးနှင့် ဒုတိယအကြိမ်အဖြစ် (၁၁၉) ဦးတို့ကိုလည်းကောင်း စသဖြင့်ဆေးထိုးစုရပ်(၇)ခုတွင် ကျန်းမာရေးဌာနမှ ဆရာ/ဆရာမများက ထိုးနှံပေးကြောင်း သိရှိရသည်။
သတင်း - နန်းသာရီ-ထိန်ဝင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment