တောင်ကလပ်နှင့်ချောင်းဖျားကျေးရွာများတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဒေသခံ ပြည်သူများတွေ့ဆုံ ဒေသဖွံ့ဖြိုးရေးများညှိနှိုင်းဆွေးနွေး၍ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အိမ်ထောင်စုပုံစံ ပြင်ဆင်ခြင်းများဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကလပ်နှင့်ချောင်းဖျားကျေးရွာများတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဒေသခံ ပြည်သူများတွေ့ဆုံ ဒေသဖွံ့ဖြိုးရေးများညှိနှိုင်းဆွေးနွေး၍ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အိမ်ထောင်စုပုံစံ ပြင်ဆင်ခြင်းများဆောင်ရွက်ပေး



MNP - ဩဂုတ်   ၂၃


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်  ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍  မြို့နယ် အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ချောင်းဖျားကျေးရွာနှင့် တောင်ကလပ်ကျေးရွာများသို့ရောက်ရှိ၍ ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပြီး,၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်အိမ်ထောင်စုပုံစံများဖြည့်သွင်း ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်၊ နံနက် ၉ နာရီခွဲတွင်  ချောင်းဖျားကျေးရွာသို့လည်းကောင်း၊ မွန်းလွဲ(၁;၃၀)နာရီတွင် တောင်ကလပ်ကျေးရွာသို့လည်း ကောင်းရောက်ရှိခဲ့ကြပြီး၊ ကျေးရွာဓမ္မာရုံများတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။ အဆိုပါ တွေ့ဆုံပွဲများတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရန် ဌာနဆိုင်ရာများဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး နောင်ထွန်းနီက လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ၊ ဒေသခံပြည်သူများက မိမိတို့ ကျေးရွာလိုအပ်ချက်များကို ပြန်လည်ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးကာ တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။


တွေ့ဆုံပွဲများအပြီးတွင်  အဖွဲ့ဝင်အဖြစ်လိုက်ပါလာကြသည့် မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေသခံပြည်သူများအား၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ အထွေထွေရောဂါ စမ်းသပ်စစ်ဆေးကုသခြင်းဆောင်ရွက်ပေးနေမှုနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆) ပြင်ဆင်ဖြည့်သွင်းခြင်းဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရပြီး၊ အဆိုပါတွေ့ဆုံပွဲများသို့ ချောင်းဖျားကျေးရွာမှ ပြည်သူ (၂၅၀)ဦး၊ တောင်ကလပ်ကျေးရွာမှ ပြည်သူ(၂၀၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)