MNP - ဩဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်–၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရန် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့နယ်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး Booster ထပ်ဆောင်းထိုးနှံပေးရာတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများ ကြီးကြပ်၍ ပုလောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ လိုအပ်သည်များ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပုလောမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းမွန်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster ထပ်ဆောင်းထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - အေးအေးမော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment