သရက်ချောင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၈)နှစ်အထိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ နေ့စဉ်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၈)နှစ်အထိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ နေ့စဉ်ထိုးနှံပေး





MNP - ဩဂုတ်  ၂၃


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အသက်(၅)နှစ်မှ အသက် (၁၈) နှစ်အထိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် နေ့စဉ်နံနက် ၉ နာရီမှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် (ပထမအကြိမ်) ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော ကျောင်းသား/သူများ၊ (ဒုတိယအကြိမ်) ကိုဗစ်–၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ကျောင်းသား/သူများ၊ (ဒုတိယအကြိမ်) ကိုဗစ်–၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီး (၆) လပြည့်သူများအား (တတိယအကြိမ်) Booster Dose ကို ထိုးနှံပေးခဲ့ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးနှံမီ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကျောင်းသား/ကျောင်းသူများကို စာရင်းရေးသွင်းပြီး မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒကိုရယူကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျောင်းသား/ ကျောင်းသူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော ပြည်သူများ၊ (ဒုတိယအကြိမ်) ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများ၊ (ဒုတိယအကြိမ်) ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး  (၆)လပြည့်ပြီးသူများအား Booster Dose ကို ဆက်လက်ထိုးနှံပေးပြီး ရဟန်းသံဃာများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို  သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - သားကြီး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)