ချောင်းဦးမြို့နယ်၌ ဝါစိုက်ဧက ၆၄၀၀ ကျော် စိုက်ပျိုးပြီးစီး၍ ဝါသီးနှံများ ဖြစ်ထွန်းအောင်မြင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောင်းဦးမြို့နယ်၌ ဝါစိုက်ဧက ၆၄၀၀ ကျော် စိုက်ပျိုးပြီးစီး၍ ဝါသီးနှံများ ဖြစ်ထွန်းအောင်မြင်



MNP - သြဂုတ်    ၂၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၌ ဝါသီးနှံကို နှစ်စဉ်မျိုးကောင်းမျိုးသန့်များ သုံးစွဲစိုက်ပျိုးလျက်ရှိရာ ယခုနှစ် ဝါစိုက်ပျိုးရာသီတွင် မျိုးကောင်းမျိုးသန့်များဖြစ်သည့် ရွှေတောင် ၁၀၊ ရွှေတောင် ၈၊ ငွေချည် ၁၁၊ ငွေချည် ၉ နှင့် ဝါကြီးမျိုးများကို စိုက်ပျိုးထားကြောင်း သိရသည်။


ချောင်းဦးမြို့နယ်ရှိ ဝါစိုက်တောင်သူများအား ဝါမျိုးကောင်းမျိုးသန့်များရရှိစေရေး၊ ဝါသီးနှံ ဖြစ်ထွန်းအောင်မြင်စေရန် ပိုးမွှားရောဂါကြိုတင် ကာကွယ်နိုင်ရေး၊ အထွက်နှုန်း ကောင်းမွန် စေရန် စိုက်နည်းစနစ် မှန်ကန်စေရေးတို့ကို နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ယခုအချိန်တွင် ဝါသီးနှံစိုက်ဧကများ ပိုးမွှားကင်းစင်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ဝါစိုက်တောင်သူများအား လိုအပ်သည့်နည်းပညာများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရသည်။


ချောင်းဦးမြို့နယ်အနေဖြင့် ၂၀၂၂ ခုနှစ် မိုးကြိုကာလ၊ မိုးကာလ၊ မိုးနှောင်းကာလ ဝါသီးနှံ စိုက်ပျိုးရန် ဧက ၇၀၀၀ ကျော် လျာထားထားပြီး ယခုအချိန်အထိ ဝါသီးနှံ စိုက်ဧက ၆၄၀၀ ကျော် စိုက်ပျိုးပြီးစီး၍ ကျန်ရှိသည့် ဧက ၁၀၀၀ ကျော်အား ဆက်လက် စိုက်ပျိုးသွား မည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - ဝင်းမြင့်အောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)