ပေါင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲ ကျင်းပ



MNP ၊  သြဂုတ်  ၈

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ် တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ် အဆင့်ပြိုင်ပွဲကို သြဂုတ်လ ၈ ရက် နေ့ နံနက်(၉)နာရီအချိန်က ပေါင်မြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

      

ရှေးဦးစွာ‌ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းအောင် က အဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး မှ ပြိုင်ပွဲများကျင်းပပြုလုပ်သည့်ရည်ရွယ် ချက်များကိုရှင်းလင်းပြောကြား၍ ပြိုင်ပွဲစည်းကမ်းများကိုပြောကြားခဲ့သည်။

ဆက်လက်၍ပြိုင်ပွဲများကို ကျင်းပရာအသက်(၁၀)နှစ်မှ(၁၅)နှစ်ထိကျား/မ အက ပြိုင်ပွဲ၊ အသက်(၅)နှစ်မှ(၁၀)နှစ်ထိ(ကျား/မ)ကာလပေါ်တေးပြိုင်ပွဲ၊ အသက်(၁၀)နှစ်(၁၅)နှစ်ထိကာလ‌ ပေါ်တေး ပြိုင်ပွဲ၊ တေးသီချင်းအဆို ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိင်ပွဲများ သို့ ပေါင်မြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများမှ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)