MNP ၊ ဩဂုတ် ၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ပညာသင်ကြားနေသောအသက်၅ နှစ်နှင့် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူများအားဩဂုတ် ၈ ရက် နံနက် ၁၀နာရီ တွင် စုရပ်နေရာဖြစ်သည့် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းရာပြည့်ခန်းမ၌ ကိုဗစ်-၁၉ ကာကွယ် ဆေးအားထိုးနှံပေးခဲ့သည်။
ယင်းသို့ထိုးနှံပေးရာသို့ တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသောကျောင်းသား ကျောင်းသူများနှင့် ဒုတိယအကြိမ် ထိုးနှံရမည့်ကျောင်းသားကျောင်းသူများအားတာဝန်ရှိ ကျောင်းအုပ်ကြီးများနှင့်ဆရာ၊ ဆရာမများကြီးကြပ်၍ လာရောက်ထိုးနှံပေးခဲ့သည်။
ထိုသို့ထိုးနှံပေးခြင်းမှာကျိုက်ထိုမြို့နယ် အတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေးအတွက်စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းဖြစ်ပြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာ ကွယ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက SinoPharn ကာကွယ်ဆေးအားလာရောက် ထိုးနှံသည့်အခြေခံပညာ ကျောင်း(၇)ကျောင်းမှကျောင်းသား၊ ကျောင်းသူ(၁၃၀)ဦးအားထိုးနှံပေးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် လာရောက်မထိုးနိုင်သော ကျောင်းသားကျောင်းသူများကို လည်းစုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost


No comments:
Post a Comment