MNP - ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ယမန်နေ့ နံနက်(၉)နာရီက စတင်ကာ ကျောင်းကျန်းမာရေး သီတင်းပတ် ကျောင်းကျန်းမာရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခြင်းကို အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင် ကြီးကြပ်ဆောင်ရွက်မှု့ဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်တွင်းရှိ အခြေခံပညာမူလတန်း၊ အခြေခံပညာအလယ်တန်း၊ အခြေခံပညာအထက်တန်းကျောင်းနှင့် (အခြေခံ၊ ကိုယ်ပိုင်၊ ဘုန်းတော်ကြီးသင်)ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးခြင်း၊ KGမှ Grade-5 အထိ ကျောင်းသား/ကျောင်းသူများအားလုံး ကျန်းမာရေး စစ်ဆေးပေးခြင်း၊ KG ကျောင်းသား/ ကျောင်းသူများအား တစ်ဦးချင်း ကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကတ်များ ဖြည့်သွင်းပေးခြင်းနှင့် ဆယ်ကျော်သက် ကျောင်းသား/ ကျောင်းသူများအား သံဓါတ်အားဆေး တိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေး သီတင်းပတ် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဩဂုတ်လ(၇)ရက် နေ့မှ (၁၃)ရက်နေ့ထိနှင့် ဩဂုတ်(၁၅)ရက်မှ (၂၄) ရက်နေ့အထိ သရက်မြို့နယ်အတွင်းရှိ အခြေခံ ထက်/လယ်/မူ ကျောင်းများနှင့် (အခြေခံ၊ ကိုယ်ပိုင်၊ ဘုန်းတော်ကြီးသင်) ကျောင်းများသို့ ကျန်းမာရေးဝန်းထမ်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဇော်ထက်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment