မိုင်းကိုင်မြို့နယ်ရှိ ရဟန်း၊ ရှင်သာမဏေများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ်ရှိ ရဟန်း၊ ရှင်သာမဏေများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး



MNP - ဩဂုတ်   ၁၈


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ  ရဟန်း၊ ရှင်သာမဏေများအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးရေးအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းထွန်းလှိုင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ  ပူးပေါင်းအဖွဲ့တို့က ဘုန်းတော်ကြီးကျောင်းများအထိ ကွင်းဆင်း၍  ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။


ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်အတွင်း စာသင်ရှင်သာမဏေများရှိသော ဘုန်းတော်ကြီးကျောင်းများဖြစ်သည့် ကျောင်းခမ်းကျောင်း၊ ကျောင်းကန်ကျောင်း၊ ဖာခေးကျောင်း၊ မွေတော်(တောင်)ကျောင်း၊ မွေတော်(မြောက်)ကျောင်းနှင့် လွိုင်လိုင်ကျောင်းများတွင်  အသက် ၅ နှစ်မှ ၁၂ နှစ်ထိနှင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ရဟန်း/ရှင်သာမဏေများကို  အသက်အပိုင်းအခြားအလိုက် Sinopharm နှင့် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။ 


အဆိုပါကွင်းဆင်းမှုဖြင့် မိုင်းကိုင်မြိုပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်းမှ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ  ရှင်သာမဏေ ၁၉၀ ပါး၊ အသက် ၁၂ မှ  ၁၈ နှစ်အထိ ရဟန်း၊ ရှင်သာမဏေ  ၁၄၅  ပါး၊ စုစုပေါင်း ရဟန်း၊ ရှင်သာမဏေ ၃၃၅ ပါးတို့ကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်း၊  ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)