ကျေးသီးမြို့နယ်၌ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးသီးမြို့နယ်၌ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်

 




MNP - ဩဂုတ်   ၁၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်‌  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အကောင်ထည်ဖော်ဆောင်ရွက်မည့် Cash For work  စီမံကိန်းနှင့် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဝင် ကျေးရွာများအား စီမံကိန်းရန်ပုံငွေ ကျပ်သိန်းပေါင်း (၁၁၀၀) လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။


ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးထက်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအေးနိုင်က စီမံကိန်း ရန်ပုံငွေလွှဲပြောင်း ပေးအပ်ခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ တက်ရောက်လာကြသော တာဝန်ရှိသူများက Cash For Work   စီမံကိန်းအား အကောင် ထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများအား စီမံကိန်းပံ့ပိုးငွေ ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ကိုလည်းကောင်း ကျေးရွာ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်မည့် ခေးပေါင်းကျေးရွာ၊ စန်စေကျေးရွာ၊ နမ့်ဟိုကျေးရွာ၊ နားယုတ်ကျေးရွာ၊ ဝိန်းကောင်ကျေးရွာ၊ ဟွေမောင်ကျေးရွာ၊ ပန်ပိုကျေးရွာ၊ ကုန်းဆာ ကျေးရွာ၊ ဝမ်လုံကျေးရွာနှင့်ဝမ်ကြူကျေး ရွာစုစုပေါင်း (၁၁)ရွာအား တစ်ရွာလျှင် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီကိုလည်းကောင်း တာဝန်ရှိသူများမှ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့သည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကျေးရွာ(၁၁)ရွာမှ ကော်မတီဝင်(၂၂)ဦး တက်ရောက်ခဲ့ကြောင်း ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)