MNP ၊ ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေ (၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇာနည်ကျော်က သဘာဝဘေးအန္တရာယ်များ မကျရောက်မီ ကြိုတင်ကာကွယ် ရေး ဆောင်ရွက်ထားမှုများ၊ကြိုတင်ပြင်ဆင်ထားမှုများ၊ဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုများလျော့ပါးရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊အရေးပေါ်တုံ့ပြန်နိုင်ရေးဆောင်ရွက်ထားမှု အခြေအနေများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားမှုအခြေအနေများကိုဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်ကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကြက်ခြေနီအသင်းအဖွဲ့မှတာဝန်ရှိသူများက မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်များ မကျရောက်မီ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost


No comments:
Post a Comment