MNP - ဩဂုတ် ၁၉
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်အချိန်က ရမ်းဗြဲမြို့ပေါ်ရှိ မိဘပြည်သူများ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့်လှည်လည် နှိုးဆော်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ် ယမန်နေ့ မြန်မာစံတော်ချိန်(၁ဝး၃၀)နာရီအချိန် တိုင်းတာထွာချက်အရ ယမန်နေ့မှယနေ့အတွင်း မိုးထစ်ချုန်းရွာပြီး လေပြင်းဆိုက်ခတ်ခြင်းများဖြစ်ပေါ်လာနိုင်ပြီး မိုးသက်လေပြင်းများကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင်(၄၀)မိုင်နှုန်းထိ တိုက်ခတ်နိုင်ပါသည်၊ လှိုင်းအမြင့်မှာ (၉)ပေမှ(၁၃)ပေအထိရှိမည်၊ သို့ဖြစ်ပါ၍ ကမ်းရိုးတန်းတစ်လျှောက်ရှိ ခရီးသည်တင်ယာဉ်များနှင့် ငါးဖမ်းလှေများအနေဖြင့် ရေလမ်းခရီးသွားခြင်းများ မပြုကြရန်၊ ရေကြီးခြင်း မြေပြိုခြင်းများ ဖြစ်လာနိုင်သဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွေ့နိုင်ရေးအတွက် ကြိုတင်စီမံထားရှိကြရန် စသည့် အသိပေးနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
သတင်း - အောင်နိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment