MNP - ဩဂုတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆွေးနွေးပွဲအား ယနေ့နံနက် (၉:၀၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးကြည်လင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ အကြောင်းအရာများ၊ စည်ပင်သာယာရေးဌာန၊ တာဝန်ခံအင်ဂျင်နီယာ-၂ ဒေါ်ခင်မူယာအောင်က ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအား အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲအား ပလတ်စတစ်သုံးစွဲမှုလျှော့ချစေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ပိုမိုဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ၊ မြို့မဈေးအတွင်း ဈေးရောင်းချနေသော ဈေးသည်များစုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment