MNP - ဩဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပညာရေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အ-ထ-က၊ ရေဖြူကျောင်းခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းအိဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသင်းဥက္ကဋ္ဌကိုယ်စား ဒုမြို့နယ်ပညာရေးမှူး ဦးကျော်ဘုန်းမြင့်က အသင်း၏ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပညာရေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်က အသင်းသားပညာရေးဝန်ထမ်းများ စားဝတ်နေရေးအဆင်ပြေစေရန်နှင့် လူမှုရေး၊ ကျန်းမာရေးကိစ္စရပ်များတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အသင်းသား(၉၀၅)ဦးအား စုဆောင်းငွေအပေါ်အတိုးငွေကျပ် (၁၄၆)သိန်းကျော်ကိုထုတ်ပေးခဲ့ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၆)ဦးအား ပညာရည်ချွန်ထူးချွန်ဆုငွေကျပ် (၆)သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment