ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးရှိ ဆုတောင်းပြည့် ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ အနေကဇာတင်ခြင်း နှင့် ယက္ခမယ်တော်တန်ဆောင်း ရေစက်ချ မင်္ဂလာအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးရှိ ဆုတောင်းပြည့် ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ အနေကဇာတင်ခြင်း နှင့် ယက္ခမယ်တော်တန်ဆောင်း ရေစက်ချ မင်္ဂလာအခမ်းအနား ကျင်းပ

 




MNP - သြဂုတ်   ၂၂


ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး မြောက်ဘက်မုခ် အာရုံခံတန်ဆောင်းတော်ကြီးတွင် ယမန်နေ့ နံနက်ပိုင်းက   ဆုတောင်းပြည့် ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ အနေကဇာတင်ခြင်းနှင့် ယက္ခမယ်တော်တန်ဆောင်းအား အလှူရေစက်ချ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များနှင့် အလှူရှင်များက ရွှေမော်ဓော် စေတီတော်မြတ်ကြီး မြောက်ဘက်မုခ် အာရုံခံတန်ဆောင်းအတွင်း ယာယီသီတင်းသုံးကိန်းဝပ်စံပါယ်တော်မူနေသည့် ဆုတောင်းပြည့် ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံသာများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကာ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ယက္ခမယ်တော်တန်ဆောင်းလှူဒါန်းခြင်း ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ ဆရာတော် အရှင်သူမြတ်များမှ ဆုတောင်းပြည့်ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်ကြသည်။


ထို့နောက် ဝန်ကြီးချုပ်အမှူးပြုသော အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များနှင့် အလှူရှင်များက သြဝါဒါစရိယ ကိုးသိန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံ ယူဆောက်တည်တော်မူကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ အတမ်းပေးဝေခဲ့ကြပြီး သြဝါဒါစရိယ ဆရာတော်ကြီးများအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရသည်။


သတင်း - သက်ဖြိုးကြိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)