မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဒုတိယနေ့)ယှဉ်ပြိုင်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုမြင့် ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဒုတိယနေ့)ယှဉ်ပြိုင်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုမြင့် ကြည့်ရှုအားပေး

 



MNP - ဩဂုတ်   ၃၀


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဒုတိယနေ့)အဖြစ် ယမန်နေ့နံနက်(၉)နာရီအချိန်မှစတင်၍ မကွေးမြို့ မြို့တော်ခန်းမနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန်ခန်းမတို့တွင် ဆက်လက်ယှဉ်ပြိုင်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုမြင့်သည် တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲများ ဆက်လက်ကျင်းပနေမှုအား ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန်ခန်းမ တွင် အဆိုပြိုင်ပွဲအနေဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် အဆင့်မြင့်ပညာ၊ အမျိုးသား/အမျိုးသမီး ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ ခေတ်ဟောင်း/ကာလပေါ် ဝါသနာရှင် (အဆင့်မြင့်ပညာ၊ ပထမတန်း၊ ဒုတိယတန်း) အဆင့်များတွင် အမျိုးသား/ အမျိုးသမီး ပါဝင်ယှဉ်ပြိုင်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သိရသည်။


ယနေ့ ဒုတိယနေ့ပွဲစဉ်များအဖြစ် အဆိုပြိုင်ပွဲများအနေဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် (အဆင့်မြင့်ပညာ) တေးသီးချင်းများနှင့် ခေတ်ဟောင်း/ ကာလပေါ် တေးသီးချင်းများဖြင့် လည်းကောင်း၊ အတီးပြိုင်ပွဲအနေဖြင့် အခြေခံပညာ ဆိုင်းအဖွဲ့လိုက်၊ ဝါသနာရှင် ဆိုင်းအဖွဲ့လိုက်၊ အခြေခံပညာ ဆိုင်းတစ်ဦးချင်းနှင့် အဆင့်မြင့်ပညာ ဆိုင်းတစ်ဦးချင်းပွဲစဉ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)