MNP ၊ ဩဂုတ် ၂၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်း များ သည် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းကအမက(မြို့သစ်)ကျောင်းသို့သွားရောက် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှ ကျန်းမာရေး ဆရာမ ဒေါ်ခင်ခင်မြင့်နှင့် ကျန်းမာရေးဝန်းထမ်းများက သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား၊ကျောင်းသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေး စစ်ဆေးပေးခြင်းများအပြင် နှာစေး၊ချောင်းဆိုးရောဂါဖြစ်ပွားနေသည့် ကျောင်းသား/ ကျောင်းသူများအား ဆေးများအခမဲ့ တိုက်ကျွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထူးနောင် (ဘီးလင်း)
https://t.me/MyanmarNationalPost
No comments:
Post a Comment