MNP - ဩဂုတ် ၃၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေ (၃၅၇ဒသမ၅၇)ကျပ်သန်းဖြင့် လမ်းခင်းခြင်းလုပ်ငန်း ငါးခုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းခင်းခြင်းလုပ်ငန်းများမှာ ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၉၀ဒဿမ ၈၈၇) ကျပ်သန်းဖြင့် မိုင်းရင်-ဝိန်းနန်-ပန်ခမ်း-အထက်ပန်ခမ်း-အောက်ပန်ခမ်း (ဝ/၄)မိုင် ကတ္တရာလမ်း ခင်းခြင်း၊ ခွင့်ပြုရန်ပုံငွေ (၆၀ဒဿမ၅၉၁)ကျပ်သန်းဖြင့် ဆိုက်ခေါင်-ဟိုနားတက်အူ-နမ့်ကန်-နားကွန်လမ်း (၁/၆.၆၈)မိုင် မြေသားလမ်းချဲ့ခြင်း၊ ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၇၈ဒဿမ ၂၉၂)ကျပ်သန်းဖြင့် မိုင်းရင်-ကုန်းမို-မန်ဆာလုံ-မန်ဆာအွမ်-နားပိန်းလမ်း (ဝ/၃.၇၉)မိုင် ကျောက်လမ်းခင်းခြင်း၊ ခွင့်ပြုရန်ပုံငွေ (၂၈ဒဿမ၈)သန်းဖြင့် မိုင်းရင်-ကုန်းမို-မန်ဆာလုံ-မန်ဆာအွမ်-နားပိန်းလမ်းပေါ် (Box culvert) လေးစင်းတည်ဆောက်ခြင်းနှင့် ခွင့်ပြုရန်ပုံငွေ (၉၉)ကျပ်သန်းဖြင့် ဆိုင်ဂေါင်း-လွယ်မီ-ဟိုက်တောင်လမ်း (၃/ဝ)မိုင် မြေသာလမ်းဖောက်ခြင်း စသည့်လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
ယခုဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာများမှ ထွက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်ပစ္စည်းများကို အချိန်တိုအတွင်း မြို့ပေါ်ဈေးကွက်အရောက်တင်ပို့ ရောင်ချနိုင်မည့်အပြင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးအဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း နမ္မတူမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ဦးဘိုဘိုကျော်ငြိမ်း အငယ်တန်းအင်ဂျင်နီယာ-၃ (မြို့ပြ)ထံက သိရသည်။
သတင်း - လူမော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment