MNP - သြဂုတ် ၆
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌နေထိုင်ကြသည့် မိဘပြည်သူများ စားသုံးဆီကိုဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီမံဆောင်ရွက်သည့် အစီအစဉ်ဖြင် Grand Unity Co ., Ltdမှတာဝန်ခံနှင့် အဖွဲ့ဝင်များသည် စာသုံးဆီများကို မိဘပြည်သူများလက်ဝယ်သို့ အရောက်ဈေးကားဖြင့် ကွင်းဆင်းလှည့်လည်၍ သက်သာသော နှုန်းထားတို့ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက်(၈)နနာရီမှ စတင်ကလှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အမှတ် (၁၃)ရပ်ကွက်၊ ပင်လုံဈေး၌လူ(၁)ဦးလျှင် ရွှေတောင်တံဆိပ် ဆီ(၁)ပိဿာကိုငွေကျပ် (၃၇၀၀ိ/-)နှုန်းဖြင့် ရောင်းချပေးခဲ့သည်။ ယင်းသို့စားသုံးဆီများအား သက်သာသော နှုန်းထားဖြင့် လူ(၁)ဦးလျှင် ရွှေတောင်တံဆိပ်ဆီ(၅၀)သားနှုန်းဖြင့် စုစုပေါင်းပိဿာ (၆၀၀၀)ကို မိဘပြည်သူများ၏ လက်ဝယ်သို့အရောက် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
သတင်း - ဝေလွင်ကျော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment