ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို စတင်ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို စတင်ထုတ်ပေး



MNP - ဩဂုတ်   ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့ နံနက်(၆)နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ကြံခင်းမြို့နယ်အတွင်းရှိ ပင်စင်လစာ ထုတ်ယူမည့်သူဦး ရေစုစုပေါင်း (၁၁၅၄)ဦးရှိရာ နိုင်ငံရေးပင်စင်စား(၈၇)ဦး၊   ကာကွယ်ရေးပင်စင် (၂၈၃)ဦး၊ မြို့ပြပင်စင်(၇၇၃)ဦးနှင့် ဘဏ်ပင်စင် (၁၁)ဦးရှိကြောင်း  မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံက သိရ သည်။


အဆိုပါ ပင်စင်လစာငွေ ထုတ်ပေးခြင်းကို ယခုလတွင် ဩဂုတ်လ ၂၂ ရက်နေ့မှ  ၃၁ ရက်နေ့ထိ၊ နေ့စဉ် ရုံးပိတ်ရက်မှအပ ရုံးဖွင့်ချိန်များတွင် နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီထိ ထုတ်ပေးသွားမည်ဖြစ်သည်။ ပင်စင် လစာငွေများ ထုတ်ပေးရာတွင် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူများက ပင်စင်စားများ စနစ်တကျ ထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)