ကွမ်းခြံကုန်းမြို့နယ်တွင်လေကာအုန်းပင်စိုက်ပျိုးပွဲတော်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွမ်းခြံကုန်းမြို့နယ်တွင်လေကာအုန်းပင်စိုက်ပျိုးပွဲတော်ကျင်းပ



MNP - သြဂုတ်  ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ၏ လမ်းညွှန်မူအရ ပင်လယ်ကမ်းစပ်နှင့် ထိစပ်နေသော ကျေးရွာများတွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရန်ရည်ရွယ်၍ ပင်လယ်ကမ်းစပ်နှင့် ထိစပ်နေသောကျေးရွာဖြစ်သည့် သောင်ခုန်ကျေးရွာတွင် ယမန်နေ့နံနက်၉ နာရီတွင် အုန်းပင်စိုက်ပျိုးပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။


အုန်းပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသီဟန်ထွန်း၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ် စိုက်ပျိုးရေးနှင့်ကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်းအင်အား (၃၅၀)ဦး တက်ရောက်၍ စုပေါင်းပါဝင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။


ကွမ်းခြံကုန်းမြို့နယ်တွင် လေကာအုန်းပင် (၅၀၀၀)ပင်စိုက်ပျိုးမည်ဖြစ်ရာ အဆိုပါ အုန်းပင်စိုက်ပျိုးပွဲတော်ကို ပထမအကြိမ်အဖြစ် ပင်လယ်ကမ်းစပ်နှင့် ထိစပ်နေသည့် ကျေးရွာအုပ်စု(၆) အုပ်စုဖြစ်သော သောင်ခုန်ကျေးရွာ၊ လက်ခုပ်ကုန်းကျေးရွာ၊ ဝက်ကိုက် ကျေးရွာ၊ ကံလျားရှည်ကျေးရွာ၊ ကညင်ကုန်ကျေးရွာနှင့် ကရင်ချောင် ကျေးရွာများတွင် လေကာအုန်းပင် (၂၈၅၀)ပင်စိုက်ပျိုးပြီး စီးခဲ့ပါကြောင်းနှင့် စိုက်ပျိုးရန်ကျန်ရှိသည့် အုန်းပင်များအား ဆက်လျက်စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


သတင်း - ဆွေနွယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)