မင်းဘူးမြို့တွင် နှမ်းများတစ်နေ့လျှင် တင်း ၂၀၀၀ ကျော် ဝင်ရောက်သော်လည်း ဝယ်လိုအားများပြီး အရောင်းသွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူးမြို့တွင် နှမ်းများတစ်နေ့လျှင် တင်း ၂၀၀၀ ကျော် ဝင်ရောက်သော်လည်း ဝယ်လိုအားများပြီး အရောင်းသွက်




MNP - ဩဂုတ်   ၂၈


မင်းဘူးမြို့တွင် နှမ်းများ တစ်နေ့လျှင် တင်း ၂၀၀၀ ကျော် ဝင်ရောက်ရောင်းချလျက်ရှိ‌သော်လည်း ဝယ်လိုအားကောင်းပြီး အရောင်းသွက်လျက်ရှိကြောင်း မင်းဘူးမြို့ အမှတ် (၃) ပွဲရုံပိုင်ရှင် ဦးခင်မောင်ထွန်းထံမှ သိရသည်။


မင်းဘူးမြို့ရှိ ပွဲရုံများ၌ မိုးကြိုးနှမ်းများကို ဇူလိုင်လတွင်တွင် စတင်နုတ်သိမ်း၍ လာရောက်ရောင်းချလျက်ရှိကြပြီး၊ မြို့နယ်အတွင်းမှ ကျေးရွာများဖြစ်သော ပဒါန်း၊ လေးပင်၊ ဆင်ခေါင်း၊ ကုန်းသာ၊ ချောင်းဖြူ၊ မုန်တောင်စသော ကျေးရွာများမှ လာရောက် ရောင်းချလျက်ရှိ ကြသည်။ မင်းဘူးမြို့တွင် ပဲအမျိုးမျိုးနှင့် နှမ်း၊ နေကြာ၊ မြေပဲစသော ဆီထွက်သီးနှံများ ဝယ်ယူသော ပွဲရုံ (၅) ရုံရှိကာ တစ်နေ့လျှင် နှမ်းတင်းရေ ၂၀၀၀ ကျော် ဝင်ရောက် ရောင်းချလျက် ရှိသော်လည်း ဝယ်လိုအားကောင်းပြီး အရောင်း သွက်လျက် ရှိကြောင်း ပွဲရုံပိုင်ရှင်များထံမှသိရသည်။                      


မင်းဘူးမြို့တွင် လက်ရှိနှမ်း‌ဈေးများမှာ ဈေးကောင်းပြီး နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၈၈၀၀၀ နှင့် နှမ်းနက်များမှာ အရည်အသွေးကောင်းပါက ကျပ် ၈၈၀၀၀ မှ ၉၀၀၀၀ ဝန်းကျင်ဈေးရရှိကာ အရည်အသွေးညံ့လျှင် ကျပ် ၈၂၀၀၀/၈၃၀၀၀ ဈေးသာရကြကြောင်း သိရသည်။


သတင်း - ဇေယျာထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)