MNP - ဩဂုတ် ၁၉
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ (ဇယ်တုန်ဟုန်း)ကျောင်းတွင် မြို့နယ်ကျန်းမာရေးဌာန ပြည်သူ့ကျန်းမာရေးဦးစီးအရာရှိ ဒေါ်ခင်မာကြူနှင့် ကျန်းမာရေးဝန်ထမ်းများတို့က ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးမှုတွင် KG၊ Grate-1၊ Grate-2၊ Grate-3၊ Grate-4၊ ကျောင်းသား/သူစုစုပေါင်း (၁၄၃)ဦးအား ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံမှုအခြေအနေ၊ အာဟာရနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများ စသည့်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment