ငဖဲမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(ပင်စင်စား) (၈၆၆)ဦး၏ ပင်စင်လစာငွေများ စတင် ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(ပင်စင်စား) (၈၆၆)ဦး၏ ပင်စင်လစာငွေများ စတင် ထုတ်ပေး



MNP - ဩဂုတ်   ၂၂


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၃၃)အုပ်စုတွင် နိုင်ငံ့ဝန်ထမ်းပင်စင်စာ( ၈၅၈ )ဦး နေထိုင်လျက်ရှိရာ ဝန်ထမ်း(ပင်စင်စား)များ၏ ဩဂုတ်လအတွက် ပင်စင်လစာများကို ယနေ့ နံနက်ပိုင်းမှစတင်၍ ငဖဲမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကျန်းမျာရေးလမ်းညွှန်ချက်များနှင့်အညီ အလှည့်ကျ သတ်မှတ်နေ့အလိုက် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ငဖဲမြို့နယ်အတွင်းတွင် မြို့ပြပင်စင် (၄၄၁)ဦး၊ ကာကွယ်ရေးပင်စင်(၃၂၉)ဦး၊ နိုင်ငံရေးပင်စင် (၉၀ ) ဦး၊ မြန်မာ့စီးပွားရေးဘဏ်ပင်စင်(၅)ဦး၊ ဗဟိုဘဏ်ပင်စင်(၁)ဦး စုစုပေါင်း (၈၆၆)ဦးရှိရာ ငဖဲမြို့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၇ နာရီမှ စတင်၍ မွန်းလွဲ ၂ နာရီအထိ ပင်စင်လစာများ နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် ပင်စင်စားဝန်ထမ်းများအနေဖြင့် ရုံးဖွင့်ရက်တိုင်း လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။


သတင်း - မယု


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)