MNP - သြဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချိန်တွင် ယမန်နေ့ နံနက်အစောပိုင်းမှ စတင်ပြီးမိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့်ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ရေများဝင်ရောက်မှုကြောင့် လူနေအိမ်များတွင် ရေများနစ်မြှပ်လျက်ရှိရာ ဇီးကုန်းကျေးရွာ (အင်းပေါက်စုအပိုင်း)မှ လူနေအိမ် (၅၀) ခန့်နှင့် ကျောင်းကုန်းကျေးရွာမှ လူနေအိမ်(၃၃)အိမ်ခန့်တို့တွင် ယနေ့ မွန်းတည့်(၁၂)နာရီအချိန်ခန့်မှစတင်၍ ရေများဝင်ရောက် နစ်မြှပ်နေကြောင်းသိရှိရသဖြင့် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသွင်ယုနိုင်နှင့် ဒုဦးစီးမှူး ဦးတင်လင်းဦးတို့ဦးဆောင်၍ Thai Board(၁)စီး၊ Fiber Board(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂) စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၂၂) ဦး၊ အရန်တပ်ဖွဲ့ဝင် (၅၅) ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဇီးကုန်းကျေးရွာရှိ ရွှေမြို့ဝင်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံသို့ လူဦးရေ(၁၆၀)ဦးခန့်နှင့် ကျောင်းကုန်းကျေးရွာရှိ ရွာဦးဓမ္မာရုံ၊ ရွာဓမ္မာရုံနှင့် ရွာနောက် ဓမ္မာရုံများသို့ လူဦးရေ(၁၃၉)ဦးအား ရေလွတ်ရာနေရများ သို့ပြောင်းရွှေ့နေရာချထားပေးခြင်း၊ စေနာရှင်ပြည်သူများက ရေသန့်ဗူးနှင့် ထမင်းထုပ်များ ဝေငှပေးခဲ့ကြောင်းနှင့်ဆက်လက်၍ လည်းကျန်ရှိနေသည့် အိမ်ထောင်စုဝင်မိသားစုများကို ရေလွတ်ရာနေရာများ သို့ပြောင်းရွှေ့နေရာချထားပေး လျက်ရှိကြောင်း သိရသည်။
သတင်း - အေးမိုး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment