မင်းဘူး(စကု)မြို့နယ်၌ RS to CS မျိုးသန့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက ၇၀၀ ကျော် လျာထားစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ RS to CS မျိုးသန့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက ၇၀၀ ကျော် လျာထားစိုက်ပျိုး



MNP - ဩဂုတ်   ၁၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် RS to CS မျိုးသန့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအဖြစ် ဧက ၇၀၀ ကျော် လျာထားစိုက်ပျိုးလျက်ရှိပြီး ယနေ့အထိ ဧက ၂၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


“မင်းဘူး(စကု)မြို့နယ်မှာ ယခုနှစ် မိုးစပါးစိုက်ပျိုးရာမှာ စိုက်ပျိုးရေရရှိရေး နည်းလမ်း(၆)ခုနဲ့ ဧကပေါင်း ၄၀၀၀၀ ကျော် လျာထားစိုက်ပျိုးနေပါတယ်။ ဒေသခံတောင်သူတွေက မနောသုခနဲ့ ဧရာမင်း စပါးမျိုးတွေကို အများဆုံးစိုက်ပျိုးကြပြီးတော့ စပါးမျိုးစေ့ထုတ်လုပ်ငန်းအနေနဲ့  ဧက ၇၀၀ ကျော် ဆောင်ရွက်လျှက်ရှိပါတယ်။ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်ရာမှာ RS to CS မျိုးသန့် မျိုးစေ့ ထုတ်လုပ်ငန်းအဖြစ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဒေသခံတောင်သူတွေ ပူးပေါင်းပြီး  ဧက ၃၀ စိုက်ပျိုးနေပြီးတော့ အခြားတောင်သူတွေကလည်း မျိုးစေ့ထုတ် သီးသန့်စိုက်ပျိုးတာတွေရှိပါတယ်။ မျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်တဲ့ တောင်သူတွေကို နိုင်ငံတော်အစိုးရက ယူရီယားဓါတ်မြေဩဇာကို ထုတ်ဈေးအတိုင်း ဈေးနှုန်းသက်သာစွာနဲ့ ဖြန့်ဖြူးရောင်းချပေးသွားမှာပါ။ ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ စိုက်ပျိုးမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးတွက် သဘာဝ EM သုံးဆွဲနည်း၊ မျိုးစေ့၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ အခြားသွင်းအားစုတွေနဲ့ စိုက်ပျိုးနည်းပညာတွေ့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးထားပြီးတော့ စီမံကိန်းလျာထားချက် ပြည့်မီစွာစိုက်ပျိုးနိုင်ရေး ဆက်စပ်ဌာနတွေနဲ့ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိပါတယ်။” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။


ထို့အပြင် ကျောက်စံကျေးရွာ၌ ဒေသခံတောင်သူများက မုန်းသီတာကုမ္မဏီလီမိတက်နှင့် ဖူးပွင့်မျိုးစေ့ထုတ် သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းပြီး  မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအဖြစ် ဧက ၅၀၀ အကောင်အထည်ဖော်စိုက်ပျိုးလျက်ရှိပြီး ကုမ္မဏီက မျိုးစေ့၊ ဓါတ်မြေဩဇာနှင့် အခြားသွင်းအားစုများကို ကြိုတင်ထုတ်ပေးစနစ်ဖြင့် ပံ့ပိုးပေးထားကြောင်း သိရသည်။


မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးကို ဧကပေါင်း ၄၀၄၃၈ ဧက လျာထားစိုက်ပျိုးလျက်ရှိပြီး ယနေ့အထိ ၃၀၀၃၆ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ အလားတူ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း RS to CS မျိုးသန့် မျိုးစေ့ထုတ်လုပ်ငန်းအဖြစ် ၇၁၉ ဧက လျာထားဆောင်ရွက်နေပြီး ယနေ့အထိ ၂၁၉ ဧက စိုက်ပျိုးပြီးစီးသွာပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)