MNP - ဩဂုတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်ပြီး အားလပ်ချိန် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ လူငယ်များအား ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားရုံ၌ အားကစားလေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
“လူငယ်တွေဟာ အားကစားကို စနစ်တကျ လေ့လာလိုက်စား သင်ယူလေ့ကျင့်ခြင်းဖြင့် ဗလငါးတန် ဖွံ့ဖြိုးတို့တက်ပြီး မိမိကိုယ် အားကိုးလိုစိတ်၊ ယုံကြည်စိတ်ရှိခြင်း၊ သည်းခံစိတ်ရှိခြင်း၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း၊ စုပေါင်းဆောင်ရွက်လိုစိတ် ရှိခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။ ကျောင်းပိတ်ရက်တွေမှာ အားကစားသင်တန်းများ ဖွင့်လှစ်လျက်ရှိပါတယ်”ဟု ကျွန်းလှမြို့နယ် အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောသည်။
ကျွန်းလှမြို့နယ်၊ ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားရုံတွင် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ အေရိုးဗစ် အားကစားနည်းများ နေ့စဉ် လေ့ကျင့် ကစားလျက်ရှိကြောင်း သိရသည်။
သတင်း - မျိုးဝင်းညို
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment