ကြို့ပင်ကောက်မြို့တွင် လုံးပတ် ၇ ပေခန့်ရှိ ကုက္ကိုပင်အမြစ်ပွ၍ ရန်ကုန်ပြည်မီးရထားလမ်းပေါ်လဲကျ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြို့ပင်ကောက်မြို့တွင် လုံးပတ် ၇ ပေခန့်ရှိ ကုက္ကိုပင်အမြစ်ပွ၍ ရန်ကုန်ပြည်မီးရထားလမ်းပေါ်လဲကျ

 


MNP - ဩဂုတ်   ၈


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ အနောက်ဘက် မဟာစန္ဒာသီဟဘုရားကြီးရှေ့ ရန်ကုန်ပြည်မီးရထားလမ်း၏ အနောက်ဘက်ရှိ လုံးပတ် ၇ ပေခန့်ရှိသော ကုက္ကိုပင်အမြစ်ပွ၍ ရန်ကုန်ပြည်မီးရထားလမ်းပေါ်သို့ ယနေ့နံနက် ၆ နာရီအချိန်ခန့်က လဲကျခဲ့ကြောင်း သိရသည်။


ယင်းသို့ သစ်ပင်လဲကျမှုကြောင်း မြန်မာ့မီးရထားခုတ်မောင်းသွားလာရေး အချိန်မီစေရန်အတွက် မြန်မာ့မီးရထားမှ ရုံပိုင်ကြီးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ခုတ်ထွင်ရှင်လင်းခဲ့ရာ ၆ နာရီ မိနစ် ၅၀ အချိန်တွင် ရှင်းလင်းဖယ်ရှားပြီးဖြစ်ကြောင်း သိရသည်။


ကုက္ကိုပင်အမြစ်ပွလဲကျမှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အချိန်မှီ ခုတ်ထွင်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။


သတင်း - ဇေယျာထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)