ကန့်ဘလူမြို့နယ်တွင် စက်မှုကုန်ကြမ်းသီးနှံ ဝါမျိုးစေ့ထုတ်ကွက် ၅၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်တွင် စက်မှုကုန်ကြမ်းသီးနှံ ဝါမျိုးစေ့ထုတ်ကွက် ၅၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီး

 


MNP - ဩဂုတ်   ၇


တောင်သူလယ်သမားများ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေး၊ မျိုးစေ့ထုတ်လုပ်ပြီး တောင်သူ ဦးကြီးများ ဝင်ငွေတိုးပွားစေရေး၊ လယ်ယာထွက်ကုန်များ ဈေးကွက်တွင်ယှဉ်ပြိုင်နိုင်ရေးတို့ကို ရည်ရွယ်လျက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ယခုနှစ်တွင် စက်မှုကုန်ကြမ်းသီးနှံ ချည်မျှင်ရှည်ဝါမျိုး စေ့ထုတ်ကွက် ဧက ၄၀ လျာထားစိုက်ပျိုးခဲ့ရာ ယခုအခါ ၅၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ကန့်ဘလူမြို့နယ်အတွင်း စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ချည်မျှင်ရှည်ဝါ ၁၅၂ ဧက လျာထားစိုက်ပျိုးလျက်ရှိပြီး မျိုးစေ့ထုတ်ကွက်အနေဖြင့် ဧက ၄၀ ကို ဇူလိုင် ၂၆ ရက်က စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ၂၂ ဧက စိုက်ပျိုးပြီးစီးပြီး ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


”ဒီနှစ်မှာ စက်မှုကုန်ကြမ်းသီးနှံချည်မျှင်ရှည်ဝါကို လျာထားဧကပြည့်မီအောင် စိုက်ပျိုးလျက်ရှိပါ တယ်။ မျိုးစေ့ထုတ်ကွက်စိုက်ပျိုးနေတဲ့တောင်သူတွေ ဝါစိုက်ပျိုးတဲ့အချိန်မှာ နည်းစနစ်မှန်ကန်ဖို့၊ သွင်းအားစုများ အချိုးကျသုံးစွဲရေးတို့ကိုလည်း စိုက်ပျိုးရေးဝန်ထမ်းများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံ ဦးစိုးမင်းဦး က ပြောသည်။


ထို့ပြင် ဝါစိုက်ပျိုးမည့်တောင်သူများကို ဇူလိုင် ၁၅ ရက်က ဝါသီးနှံမျိုးစေ့များနှင့် ထောက်ပံ့ငွေများ ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းများ၊ နည်းစနစ်တကျစိုက်ပျိူးတတ်စေရေး၊ ပိုးသတ်ဆေးများသုံးစွဲမှုများ လျော့ချနိုင်စေရေး၊ သဘာဝမြေဩဇာများ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲ တတ်စေရေးတို့ကိုလည်း ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - အောင်ဝင်းငြိမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)