MNP - ဩဂုတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ထုတ်ပေးရာတွင် မဘိမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စား ၂၉၄ ဦးရှိပြီး ပင်စင်စားများအား အဆင်ပြေစေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်တွင် ဩဂုတ် ၂၂ ရက်မှ ၂၄ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - မျိုးမင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment