နတ်မောက်မြို့နယ်တွင် တစ်နိုင်တစ်ပိုင် နှင်းပန်းများ စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်တွင် တစ်နိုင်တစ်ပိုင် နှင်းပန်းများ စိုက်ပျိုး



MNP - ဩဂုတ်   ၁၅


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူအချို့သည် မျိုးတူ မျိုးကွဲသီးနှံများကို သမားရိုးကျ စိုက်ပျိုးလျက်ရှိရာမှ ယခုအခါ နှင်းပန်းများကို ပူးတွဲ၍ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။


နှင်းပန်းများစိုက်ပျိုးရာတွင် အခြားဂန္ဓာမာပန်း၊ မေမြို့ပန်း၊ နှင်းဆီပန်းခင်းများကဲ့သို့ ပိုးမွှားကျရောက်မှု   အန္တရာယ်လွန်စွာ မစိုးရိမ်းရဘဲ ဖြစ်ထွန်းမှုသေချာသော ပန်းမျိုးဖြစ်ကြောင်း၊ နှင်းပန်းကို စတင်စိုက်ပျိုးရာ၌ နှင်းပန်းဥကို တင်းချိန်ဖြင့်ဝယ်ယူပြီး အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးရကြောင်း နှင်းပန်းစိုက်သူ န-လက္ခုပ္ပင်ကျေးရွာမှ မမိုးမိုးကပြောသည်။


“ဘုရားပန်းဈေးကွက်မှာ နှင်းပန်းရောင်းရတာ အခြားပန်းတွေလိုပဲ ဈေးကွက်မှာ တွင်တွင်ကျယ်ကျယ် ရောင်းရပါတယ်၊ အရောင်းအဆင်းကလည်း ဖွေးဥနေ၊ အနံ့ကလေးကလည်း သင်းပျံ့ပျံ့မွှေးကြိုင်နေတော့ ဘုရားလှူမယ့်သူများက အဝယ်များပါတယ်၊ ဖောက်သည်လက်ကားဈေးကွက်မှာ နှင်းပန်းအခက်(၅)ခက် တစ်စီးကို (၃၀၀)ကျပ်နှုန်း ရောင်းချရပါတယ်၊ ဝင်ငွေအနေနဲ့ကတော့ နှင်းပန်းပွင့်ပြီဆိုရင် ဧရိယာဧက(ဝ.၁၅) လောက်ရှိတဲ့ နှင်းပန်းခင်းက နှစ်ရက်တစ်ကြိမ်ဝင်ငွေ (၁၂၀၀၀)ကျပ်ခန့် ရရှိတဲ့အတွက် လူတိုင်းစိုက်ပျိုးသင့် ပါတယ်၊ နှင်းပန်းတစ်ကြိမ်စိုက်ပျိုးလျှင် သုံးနှစ်သက်တမ်းရှိပြီး မိုးရာသီတွင် အဖူးအပွင့်များ ပိုမိုသန်မာ၍  ကျန်ရာသီများတွင်  ရေသာပုံမှန်ရနေလျှင် ဆယ့်နှစ်လရာသီဖြစ်ထွန်းတဲ့ ပျိုးမျိုးဖြစ်လို့ တောင်သူတွေစိုက်ပျိုး သင့်ပါတယ်ဟု” နှင်းပန်းစိုက်သူမှ ပြောကြားသည်။


နတ်မောက်မြို့နယ်အတွင်း နှင်းပန်းများကို န-လက္ခုပ္ပင်ကျေးရွာ၊ ကြူအိုင်ကျေးရွာ၊ အင်းကုန်းကျေးရွာ၊ ပင်းဂွေးချိုကျေးရွာ၊ ကျောင်းကုန်းကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


သတင်း - မူမူစန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)