ပေါက်ခေါင်းမြို့၌ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင် A နှင့် သန်ချဆေးများ တိုက်ကျွေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့၌ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင် A နှင့် သန်ချဆေးများ တိုက်ကျွေးပေး



MNP - ဩဂုတ်  ၂၄


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့၌ အသက် ၆ လမှ ၅ နှစ်အရွယ်အတွင်း ကလေးငယ်များကို ဗီတာမင် A နှင့်သန်ချဆေးများ တိုက်ကျွေးပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်  ၉  နာရီအချိန်မှ စတင်၍ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းဆရာမများနှင့် ပူးပေါင်းအဖွဲ့များက အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တိုက်ကျွေးပေးလျက်ရှိသည်။


ထိုသို့ဗီတာမင် A နှင့် သန်ချဆေးများ တိုက်ကျွေးပေးရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမများနှင့် သားဖွားဆရာမများက အသက်  ၆  လမှ ၂ နှစ်အရွယ်ထိ ကလေးငယ်များကို ဗီတာမင် A ဆေးတစ်မျိုးသာ တိုက်ကျွေးပေးပြီး၊ အသက်  ၂  နှစ်မှ  ၅  နှစ်အထိ ကလေးငယ်များကို ဗီတာမင် A နှင့် သန်ချဆေးနှစ်မျိုးလုံးကို တိုက်ကျွေးပေးခဲ့သည်။ အဆိုပါဆေးများ တိုက်ကျွေးပေးရာသို့ ကလေးမိဘများမှ ကလေးမွေးစာရင်း မူရင်းစာရွက်ကို တစ်ပါတည်း ယူဆောင်လာရပြီး၊ နောက်ရက်များတွင်လည်း ကျန်ရှိနေသည့် ရပ်ကွက်များသို့ ဆက်လက်တိုက်ကျွေးပေးမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)