MNP - ဩဂုတ် ၂၄
"ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် မိခင်နှင့်ကလေးများ ကျန်းမာသန်စွမ်းပြီး အာဟာရဖွံ့ဖြိုးတိုးတက်စေရန် ယနေ့မွန်းလွဲ(၁)နာရီက ဟိုပန်မြို့ပေါ် ရပ်ကွက်ဖြစ်သည့် ဈေးရပ်ကွက်နှင့် မန်ခွန်ရပ်ကွက်များရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား အိမ်တိုင်ရာရောက်ကွင်းဆင်း၍ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ကွင်းဆင်းထောက်ပံ့ပေးရာတွင် ဟိုပန်မြို့နယ်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ချယ်ရီစိုးနှင့် အသင်းအဖွဲ့ဝင်များက MCCT အစီအစဉ်တွင် အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်(၈)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်(၈)ဦး စုစုပေါင်း (၁၆)ဦးတို့အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် ဧပြီ၊ မေ၊ ဇွန်လများအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ(၄၅၀၀၀)ကျပ်စီနှင့် အချိုရည်၊ အာဟာရမုန့်များအား ကွင်းဆင်းပေးအပ်ခဲ့သည်။
ဟိုပန်မြို့နယ်တွင် MCCT (Maternal and Child Cash Transfer) အစီအစဉ်ဖြင့် အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်(၂၆၂)ဦးနှင့် အသက်နှစ်အောက်ကလေးငယ်(၅၂၀)ဦး စုစုပေါင်း(၇၈၂)ဦးရှိကြောင်းနှင့် ထောက်ပံ့ရန်ကျန်ရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရှိရသည်။
သတင်း - ဇင်ဇင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment