MNP - ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကွမ်းခြံကုန်းချောင်းသဘာဝရေပြင်များ အတွင်းသို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မူဖြင့် ကွမ်းခြံကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်တွင် ငါးမျိုးများရေရှည် စဉ်ဆက်မပြတ်တည်ရှိစေရေး၊ ငါးမျိုးထုတ်လုပ်မှု တိုးတက်လာစေရန်ရည်ရွယ်၍ ငါးမျိုးစိုက်ထည့် ခြင်းကို ယမန်နေ့နံနက် ၉ နာရီ က ကမာပါကျေးရွာရှိ ကွမ်းခြံကုန်းရေထိန်း တံခါးအနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းနားတွင် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးတင့်လွင်၊ ရန်ကုန်တောင်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအေးနိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရးမှူး ဦးကျော်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသီဟန်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးရဲတင့်၊ လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး ဦးစီးမှူး ဦးကျော်သူရ၊ မြို့နယ်ငါးမျိုးစိုက်ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရင်ရှိန်နှင့်ဝန်ထမ်းများ၊ လေးထောင့်ကန် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်သင်းသင်းခိုင်၊ လှော်ကားငါးလုပ်ငန်းစခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးကဲများနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး လှော်ကားငါးလုပ်ငန်းစခန်းမှ ငါးလက်မအရွယ် ထိုင်းငါးခုံးမ ကောင်ရေ (၄)သိန်းနှင့် လေးထောင့်ကန်လုပ်ငန်း စခန်းမှ နှစ်လက်မအရွယ် ငါးမြစ်ချင်း(၃)သိန်းခွဲ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၇)သိန်းခွဲ မျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
သတင်း - ဆွေနွယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment