မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူလူထုနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူလူထုနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ



MNP - ဩဂုတ်  ၂၄


မဟာအောင်မြေမြို့နယ်၊ စစ်ကြောင်းကြီး(၅)ကြောင်း ပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် မဟာမြိုင်(၁)ရပ်ကွက်၊ ၄၂ လမ်း၊ ၆၄× ၆၅ လမ်းကြားရှိ အုပ်ချုပ်ရေးမှူးရုံး၌  ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်အတွင်း နယ်မြေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ပြည်သူလူထုနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပခဲ့သည်။


 အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ အဖွဲ့ဝင်(၂)ဦးထွန်းထွန်းဝင်း၊ အမှတ်(၉)မြို့မရဲစခန်းမှ စခန်းမှူး  ဒုရဲမှူးကျော်မိုး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ လဝကမှူးဦးသန့်ဇင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာချောချောနိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ဦးစီးမှူး ဦးရဲမင်းလွင်၊ မြို့နယ် စီမံကိန်းဦးစီးမှူး ဦးဇော်ဇော်ထွန်း၊ မြို့နယ်လျှပ်စစ်ရုံးမှလိုင်းတာဝန်ခံ ဦးအေးဝင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ၊ ရာအိမ်မှူးများ စုစုပေါင်းအင်အား ((၅၀) ဦးခန့် တက်ရောက်ခဲ့သည်။


ဆက်လက်ပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ရပ်ကွက်အတွင်း လုံခြုံရေး၊ အေးချမ်းသာယာရေး၊ လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများမဲပေးနိုင်ရေးအတွက် ပုံစံ (၆၆/၆)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအနေဖြင့် လဝကသို့ သွာ းရောက်၍ ပြုလုပ်ရန်လိုအပ်ကြောင်း၊ လဝကမှလည်း မြေပြင်ထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး  ဒေသဖွံ့ဖြိုးရေးဆိုင်ရာဆောင်ရွက်ပေးရမည့် လုပ်ငန်းများအား တင်ပြနိုင်ရေး ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးထွန်းထွန်းဝင်းမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် အားရှင်းပြောကြားခြင်း၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များမှ လိုအပ်မှုများရှိပါက သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများအား တင်ပြပေးစေလိုကြောင်း ရှင်းလင်းပြောကြားခြင်း၊ အမှတ်(၉)စခန်းမှူးမှ ရပ်ကွက်အတွင်း ပြည်သူများအေးချမ်း သာယာစွာနေထိုင်နိုင်ရေး ဆောင်ရွက်ရာတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်နှင့်  လုံခြုံရေး ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးမှူးမှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတော်မှဆောင်ရွက်နေမှုများ၊ နိုင်ငံသားတိုင်း ဆန္ဒမဲ ပေးပိုင်ခွင့်ရရှိစေရေးအတွက် မှတ်ပုံတင်ကိုင်ဆောင်နိုင်ရေး ကိစ္စရပ်များအား ရှင်းလင်းပြော ကြားခြင်း၊  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန လဝကမှူးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ မှတ်ပုံတင်ဆောင်ရွက်ပေးနေမှုများ၊ လူတိုင်းမှတ်ပုံတင် ကိုင်ဆောင်နိုင် ရေးချပြရှင်းလင်းခြင်း၊ မြို့နယ်လျှပ်စစ်ရုံးမှလိုင်းတာဝန်ခံမှ လျှပ်စစ်မီးတာခဘေလ်များလာ ရောက်ပေးဆောင်နိုင်ရေးကိစ္စ၊ လျှပ်စစ်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသည့် ပြည်သူများမှ ရေမြောင်းများ ပိတ်ဆို့နေသဖြင့် ရေစီးရေလာကောင်းမွန်ရေးကိစ္စနှင့် လုံခြုံရေးအရ လမ်းမီးများ ထွန်းလင်းရန်လိုသည့် ကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား လဝကမှ ရပ်ကွက်အတွင်း ထမ်မံကွင်းဆင်းဆောင်ရွက်ပေးစေလိုကြောင်း တင်ပြခဲ့ပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ပြည်သူများမှ တင်ပြသည့် ၆၈x ၄၂လမ်း ထောင့်ရှိ လမ်းမီးများ မီးလင်းနိုင်ရေးနှင့် ၄၁x၄၂ လမ်း ကြား၊ ၆၆×၆၇ လမ်းကြားရှိ မဟာမြိုင် ဈေးရှိ ရေမြောင်းများပိတ်ဆို့နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဇော်မင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)