မြဝတီမြို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

 



MNP - သြဂုတ်   ၂၄


ကရင်ပြည်နယ်၊ မြဝတီမြို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ဝါးတော)တွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


အခမ်းအနားတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားရာတွင် သစ်တော၊ သစ်ပင်သည် လူနှင့်ပတ်ဝန်းကျင်ရာသီဥတုအတွက် အကျိုးကျေးဇူးများစွာရှိကြောင်း၊ ဥတုရာသီတောကိုမှီ ဆိုသကဲ့သို့ သစ်တောသစ်ပင်များက သာရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးခြင်းဖြစ်ကြောင်း၊ ယခုအခါ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကို ပြည်သူများနားလည်သဘောပေါက်သည်နှင့်အညီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို စုပေါင်းစိုက်ပျိုးခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က ကျောင်းဝင်းအတွင်းစိုက်ပျိုးမည့် ကျွန်း ၃၅ ပင်၊ စိန်ပန်း ၃၅ ပင်နှင့် ငုရွှေဝါ ၃၀ ပင် စုစုပေါင်းပျိုးပင် ၁၀၀ ပင်တို့အား ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးသက်ထံသို့ ပေးအပ်သည်။


အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကိုဥက္ကဋ္ဌ ဦးစိုးတင့် ဦးဆောင်ကြီးကြပ်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာအထက်တန်းကျောင်း (ဝါးတော)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာ တာဝန်ခံများ စုစုပေါင်းအင်အား(၁၇၅)ဦးတို့ဖြင့် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


သတင်း - ထိန်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)