MNP - ဩဂုတ် ၁၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ အသက်(၅)နှစ်မှ (၁၂)နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိရာ အ.လ.က(၂)ကျောင်းတွင် ယမန်နေ့နံနက် ၁၀နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်၍ ကျောင်းသား၊ ကျောင်းသူများအား (ပထမအကြိမ်) ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ဒေါပုံမြို့နယ်၌ ကျောင်းပေါင်း (၁၇)ကျောင်းရှိရာ သက်မှတ်ရက်များအလိုက် အသက်(၅)နှစ်မှ (၁၂)အရွယ်ကလေးများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm (ပထမအကြိမ်) ကွင်းဆင်းထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - သူဇာဝင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment