MNP - ဩဂုတ် ၁၉
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာမ ခင်စောတင့် ရေးသားသော “သင့်ဘဝကို ပြောင်းလဲပစ်နိုင်မယ့် နည်းလမ်း ၆၀” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာအုပ်ပါအကြောင်းအရာများဖြစ်သည့် “ပတ်ဝန်းကျင်ကောင်းအောင်တိုးမြှင့်ပါ”၊ “သင့်ကိုယ်သင် ပုံမှန်အတိုင်းဖြစ်ပါစေ” စသည့် အကြောင်းအရာများကိုလည်းကောင်း၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဦးတင်ရှိန်ဝင်းက “ပျော်ရွှင်စရာအနာဂတ်ကို မျှော်မှန်းပါ”၊ “မိမိကိုယ်ကိုခွင့်လွှတ်ပါ” နှင့် “ဆုံးဖြတ်ချက်ချမှတ်ပါ” စသည့်အကြောင်းအရာများကို လည်းကောင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ စာပေဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်း - ရဲတင့်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment