ဖလေးချောင်း၌ငါးမျိုးစိုက်ထည့်ခြင်း(ဒုတိယ)အကြိမ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖလေးချောင်း၌ငါးမျိုးစိုက်ထည့်ခြင်း(ဒုတိယ)အကြိမ်ဆောင်ရွက်



MNP - ဩဂုတ်   ၂၇


မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးထုတ်လုပ်မှုတိုးတက်စေရန်၊ ငါးသယံဇာတများ‌ ပေါကြွယ်ဝစေရန်နှင့် ငါးရိက္ခာဖူလုံ‌ စေရန်ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် တာလမ်းသစ်ရပ်ကွက် ဖလေးချောင်းအတွင်း၌ ဒုတိယအကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးတင့်လွင်၊ ရန်ကုန်တောင်ပိုင်းခရိုင် ခရိုင်ဦးစီးဌာနမှူး ဦးအေးနိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှုး ဒေါ်လဲ့မွန်တင့်နှင့် ဝန်ထမ်းများက ဖလေးချောင်းသဘာဝရေပြင်အတွင်းသို့ လှော်ကား ငါးလုပ်ငန်းစခန်းမှ နှစ်လက်မအရွယ် ငါးမြစ်ချင်းသား ပေါက်ကောင်ရေ(၂၅၀၀၀၀)၊ လေးထောင့်ကန်ငါးလုပ်ငန်း စခန်းမှ နှစ်လက်မအရွယ်ငါးခုံးမ ကောင်ရေ (၂၅၀၀၀၀) စုစုပေါင်းကောင်ရေ (၅၀၀၀၀၀)ကို ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။


ကော့မှူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဖလေးချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမြစ်ချင်းသား‌ပေါက်ရေ (၅၀၀၀၀၀)နှင့် ငါးခုံးမကောင်ရေ (၅၀၀၀၀၀) စုစုပေါင်းကောင်ရေ (၁၀၀၀၀၀၀)အား ငါးမျိုးစိုက်ထည့်ထားကြောင်း သိရသည်။


သတင်း - ကျော်သူရ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)