MNP - ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ်(၅)၊အရန်မီးသတ်တပ်ဖွဲ့မှ ညောင် ဦးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် အင်တိုင်းကျေးရွာအတွင်း ခြင် ဆေးဖျန်း ခြင်းများဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
ညောင်ဦးမြို့နယ် အင်တိုင်းကျေးရွာအတွင်း မိုးရာသီအချိန် ပေါင်းမြက်များတူထပ်စွာ ပေါက်ရောက်ပြီး ရွာနေပြည်သူများခြင်းကိုက်ခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် နှစ်စဉ်နှစ်တိုင်း အမှတ်(၅)၊အရန်မီးသတ်တပ်ဖွဲ့က လိုက်လံကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ခြင်းလောင်းသားပေါက် လောက်လောင်းကောင်များပေါက်ဖွားနိုင်သည့် ကားဝပ်ရှော့များ၊ ဆိုင်ကယ်ဝပ်ရှော့များရှိ မိုးရေဝင်ရောက်နေနိုင်သည့် တာယာကွင်းများအား ဝင်ရောက်နေသည့် ရေများကိုသွန်ပြစ်ခြင်း၊ ပေါင်းမြက်များတွင်ကပ်ညှိ ပေါက်ပွားနိုင်သည့် လောက်လောင်းကောင်များအား ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယနေ့တွင်လည်း ညောင်တိုကျေးရွာအတွင်းခြင်ပေါက်ပွားနိုင်သည့်နေရာများ၊ ခြင်ခိုအောင်းနိုင် သည့်နေရာများအား ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ညောင်တိုကျေးရွာအတွင်း တစ်အိမ်ဝင် တစ်အိမ်ထွက်၊ လမ်းကြိုလမ်းကြားမကျန် ခြင်ဆေးဖျန်းခြင်းများကို ညောင်ဦးမြို့၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်၅အရန်မီးသတ်တပ်ဖွဲ့မှကူညီ၍ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ညောင်တိုကျေးရွာတွင် အိမ်ခြေ၁၆၀အိမ်နှင့် လူဦးရေ၈၂၆ ဦးရှိကြောင်း၊ ခြင်ဆေးဖျန်းလိုပါက အမှတ်(၅)အရန်မီးသတ်သို့အကူအညီတောင်းခံနိုင်ကာ ၀၉၄၀၁၃၄၄၀၅၇၊ ၀၉၈၈၀၁၅၁၁၉၁ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရ သည်။
သတင်း - ကိုကြေးမုံ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment