ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့၌ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးနှင့် မူခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းရေး အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့၌ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးနှင့် မူခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းရေး အသိပညာပေးဟောပြော



MNP - ဩဂုတ်   ၂၇


ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွတ်ကဲရေးအဖွဲ့မှူး ဒုရဲမှူးကြီး သန်းဌေးအောင် ဦးဆောင်၍ မူးယစ်ဆေးဝါးကင်းစင် ပပျောက်ရေးနှင့် မူခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည်။


အသိပညာပေးဟောပြောပွဲတွင် ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲရေး အဖွဲ့မှူး ဒုရဲမှူးကြီး သန်းဌေးအောင်က မူးယစ်ဆေးဝါးကင်စင်ပပျောက်သည့် ဒေသ ဖြစ်ပေါ်လာစေရေးအတွက် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ကိုလည်းကောင်း၊ ပင်လောင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်က အေးချမ်းသာယာသည့်ဒေသဖြစ်စေရေးနှင့် မူးခင်းဖြစ်ပွားမှုလျော့နည်း ကျဆင်းရေးအတွက် ဆောင်ရန်ရှောင်ရန်များကိုလည်းကောင်း၊ နောင်တရားနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ခင်မောင်မြင့်က ဒေသတွင်းလုံခြုံရေးအတွက် အလေးထားဆောင်ရွက်နေပြီး ထူခြားသည့် အခြေအနေတွေ့ရှိပါက သတင်းပေးပို့တင်ပြသွားရန် ပြောကြားသည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြည်သည့် ပြည်သူများက ရပ်ရွာလုံခြုံရေးနှင့် သိရှိလိုသည့် ဥပဒေအကြောင်းအရာများကို မေးမြန်းဆွေးနွေးပြီး ဒုရဲမှူးကြီးက ပြန်လည်ဆွေးနွေးခဲ့သည်။


‌ဟောပြောပွဲသို့ နောင်တရားမြို့ပေါ်သုံးရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူ(၈၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ခွန်အောင်


မြန်မာနေရှင်နယ်ပိုပစ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)