MNP - ဩဂုတ် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ကော့သောင်းခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ကြီးကြပ်မှုကာ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်ဈေးအရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများတစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာ စီကို (၅၃၀၀) ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး မိုဘိုင်းကားဖြင့်လိုက်လံ ရောင်းချပေးခြင်းဖြစ်သည်။
အလားတူ ရောင်းချခြင်းကို ကားများဖြင့်လှည်လည်၍ ရပ်ကွက်ပြည်သူများလက်ဝယ်အရောက် ဆက်လက်ရောင်းချပေးရန် အစီအစဉ်များရှိကြောင်း မိဘပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်များသို့လည်း လှည့်လည် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကော့သောင်းခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက် အရသိရသည်။
သတင်း - ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment